reduce() (array method in ES6)
reduce method ကို array ထဲမှာပါတဲ့ value တွေကို တန်ဖိုးတစ်ခုသတ်မှတ်ချက်နဲ့ညီတဲ့ value တွေကိုပဲသက်သက်စုခြင်တဲ့အခါအသုံးများပါသည်။
ဥပမာ let score = [20,30,40,10,50,60] ဆိုတဲ့ score array ကို 40 ကျော်တဲ့ value တွေကိုပဲလိုချင်တယ်ဆိုပါစို့။
let reduceScores = score.reduce((acc,curr)=>{
if(curr>40){
acc++;
}
return acc;
},0);
console.log(reduceScores);
Output က 2 ဆိုပြီးထွက်လာပါလိမ့်မည်။
acc က accumulator ကိုဆိုလိုချင်တာပါ။ 40 ကျော်တဲ့ တန်ဖိုးတိုင်းကို ရေတွက်ထားတဲ့ variable ကိုဆိုလိုခြင်တာပါ။
curr က current ကိုဆိုလိုချင်တာပါ။ အခုလက်ရှိရောက်နေတဲ့ တန်ဖိုးကိုဆိုလိုချင်တာပါ။ ဥပမာပြထားတဲ့ array ကဆိုရင် အရင်ဆုံး curr variable ထဲမှာ ဝင်နေတဲ့ တန်ဖိုးက 20 ပါ။
သတိထားရမည့်အချက်က reduce method ကိုသုံးရင် variable တစ်ခုလိုပါတယ် ။ variable ကို 0 လို့ထားခြင်းက acc variable ကို 0 ကစမည်လို့ဆိုလိုတာပါ။ သူ့ရဲ့ default value က 10 ပါ။
No comments:
Post a Comment