Saturday, April 11, 2020

filter()-Array Method

Filter()-Array Method
Document

filter()-Array Method

Filter method ကို ကိုလိုချင်တဲ့အပိုင်းကို စစ်ထုတ်ချင်တဲ့အခါသုံးပါတယ်။ ဥပမာ number array လေးတစ်ခုရှိတယ်ဆိုပါစို့။
        const  score = [10,20,30.40,50,60];
    
30 ထက်ကျော်တဲ့ number တွေကိုပဲလိုချင်တဲ့အခါ filter method ကိုသုံးပါတယ် ။
Example
const  scores = [10,20,30,40,50,60]; 
const  filterscore = scores.filter((score)=>{
 return  score>30;
});
console.log(filterscore);//output => 40,50,60
    
filter method ကိုသုံးပြီး 30 ထက်ကြီးတဲ့ number တွေကိုပဲ return ပြန်ပေးပါလို့ဆိုလိုတာပါ ။ ဒါကြောင့် filterscore ဆိုတဲ့ array ထဲမှာ [40,50,60] ဆိုပြီးရှိနေပါလိမ့်မယ်။
Example
const  users = [
 {name:”Mg Mg”,premium:true},
 {name:”Kaung Kaung”,premium:true},
 {name:”Shwe Mya”,premium:false},
 {name:”Snow”,premium:false}
];
const filteruser = users.filter((user)=>{
 return user.premium;
});
console.log(filteruser);
    
//output=>[{name:”Mg Mg”,premium:true},{name:”Kaung Kaung”,premium:true}] filter method ကိုသုံးပြီး premium true ဖြစ်တဲ့သူတွေကို ပဲ return ပြန်ပေးပါလို့ဆိုလိုတာပါ။ ဒါကြောင့် filteruser array ထဲမှာ premium true ဖြစ်တဲ့သူတွေရပါတယ်။ Tips: =>function သုံးလို့ parameter တစ်ခုထဲဆို () မလိုပါဘူး။ တစ်ကြောင်းထဲဆို return keyword မလိုပါ။

No comments:

Post a Comment