Variables,Constants & Comments(ES6)
JavaScript variables ဆိုတာ data values တွေကို သိမ်းပေးထားတဲ့ အလုပ်လုပ်ပါတယ်။ Javascript မှာ variable ကြေညာမယ်ဆိုရင် let keyword ကိုသုံးပါတယ်။ ပြီးသူ့နောက်မှာ variable name လိုက်ပါတယ်။ပြီးရင် သူ့ရဲ့ value ကို သတ်မှတ်ပါတယ်။
Example
let num = 10 ;
ဆိုရင် num ဆိုတဲ့ variable လေးထဲမှာ 10 ဆိုတဲ့ value ရှိတယ်လို့ဆိုလိုပါတယ်။
variable တွေ ကြေညာဖို့ရင် အရင်ဆုံး Data types တွေအကြောင်းသိဖို့လိုပါတယ်။ Number, String, Boolean, Null, Undefined, Object, Symbol ဆိုပြီး ယေဘုယျ 7 နှစ်မျိုးရှိပါတယ်။
1,2,..,9,0,3.14 စတဲ့ number တွေက number data type ဖြစ်ပါတယ်။
“Hello world” , “mgmg123@gmail.com” စတဲ့ single quotes သို့မဟုတ် double quotes အတွင်းမှာ ရှိတဲ့ series of characters ကို string data type လို့ခေါ် တယ်။
let email = “jhonsmith123@gmail.com”;
Ture , false စတဲ့ logical value တွေကို boolean data type လို့ခေါ် ပါတယ်။သူ့ကိုများသောအားဖြင့် conditions တွေ စစ်တဲ့ အခါသုံးပါတယ်။
let bool = true;
if(bool){
//execute
}
Value မရှိတဲ့ variable မျိုးကို null data type လို့ ခေါ် ပါတယ်။ ဥပမာ variable တစ်ခုထဲမှာ value မထည့်ချင်တဲ့အခါ value မရှိတဲ့အခါ သုံးပါတယ် ။
let num = null ;
နောက်တစ်ခုက Undefined data types ပါ သူ က null data type နဲ့နဲနဲဆင်ပါတယ် ။ သူ့မှာ လည်း value မရှိပါဘူး ။ ဥပမာ
let a;
console.log(a);//output → ‘Undefined’ ဆိုပြီးပြပါလိမ့်မယ်။
Complex data structures တွေဖြစ်တဲ့ Arrays, Dates , Literals အစရှိတဲ့ data types တွေကို Object data types လို့ခေါ် ပါတယ်။
Example
let names = [“John”,”Smith”,”James”];
let person = {firstName:"John", lastName:"Smith", age:50};
JavaScript မှာ အရာအားလုံးက Object ပုံစံနဲ့ရှိပါတယ် ။ အခု အပေါ် မှာ ပြထားသလိုဆို person က object ဖြစ်ပါတယ် ။
နောက်ဆုံးတစ်ခုက Symbol data type ပါ သူ့ကို object နဲ့ တွဲသုံးလေ့ရှိပါတယ်။ ဥပမာ
let sym2 = Symbol('mysymbol');
let score = 50;
let age = 19;
console.log(score,age);
ဆိုရင် output က 50 ရယ် 19 ရယ် ထွက်ပါလိမ့်မယ် ။
let နဲ့ကြေညာရင် variable ရဲ့ value ကို reassigned လုပ်လို့ရပါတယ်။
let score = 50;
let age = 19;
console.log(score,age);
score = 30;
console.log(score);
ဆိုရင် output က 30 လို့ထွက်ပါလိမ့်မယ် ။ အရင်ကြေညာထားတဲ့ 50 ဆိုတဲ့ value ကို reassigned လုပ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် score က ထုတ်တဲ့အခါ 50 အစား 30 ထွက်လာပါတယ်။
variable ကြေညာခြင်ရင် နောက်ထပ် keyword က const ပါ။ const နဲ့ကြေညာရင် တော့ value ကို reassigned လုပ်လို့မရပါဘူး။
Example
const key = 12345;
key =123;
console.log(key);
ဆိုရင်
Uncaught TypeError: Assignment to constant variable.
ဆိုပြီးတက်ပါလိမ့်မယ်။ const က value တစ်ခုကို အသေသတ်မှတ်လိုက်တဲ့ သဘောပါ။
နောက်ပြီး
const x ;
x = 20;
console.log(x);
Uncaught SyntaxError: Missing initializer in const declaration
ဆိုပြီး error တက်ပါလိမ့်မယ်။ တစ်ခါတည်း value ကို assign လုပ်ရမယ်ဆိုလိုတာပါ။ အဲ့ဒါကြောင့် const နဲ့ variable ကြေညာခြင်းကို variable နဲ့ value အသေသတ်မှတ်ချင်တဲ့အခါ const ကိုသုံးပါတယ်။
နောက်တစ်ခုက var ပါ။ var ကို variable declare လုပ်ရင် အသုံးပြုခြင်းဖြစ်ပါတယ် ။ var နဲ့ကြေညာရင် reassigned လုပ်လို့ရပါတယ်။
Example
var username =’Mg Mg’;
username=’Kaung Kaung’;
console.log(username);//output is ‘Kaung Kaung’;
ဒီမှာ အရင်ဆုံး variable username ကို value ‘Mg Mg’ လို့ထားထားပေမဲ့ နောက်တစ်ကြောင်းမှာ username = ‘Kaung Kaung’ ဆိုပြီး variable username ကို value reassigned ပြန်လုပ်လိုက်ပါတယ်။ ဒါ ေကြာင့် username ကို output ထုတ်ကြည့်တဲ့အခါ ‘Kaung Kaung’ ဆိုပြီး ေတွ့ရပါလိမ့်မယ်။
var keyword က ES6 မတိုင်ခင်တုန်းက variable ကို declare လုပ်ခြင်းဖြစ်ပါတယ်။ ။ ES6 ပြီးနောက်မှာ variable declare လုပ်ချင်ရင် ကြေညာချင်ရင် var keyword အစား let နဲ့ const keyword တွေကို အသုံးများလာပါတယ်။
Developer ကောင်းတစ်ယောက်ဖြစ်ခြင်ရင် comment ကောင်းကောင်းရေးတက်ရမယ်တဲ့။
comment မှာ single line comment နဲ့ multiline comment ဆိုပြီးရှိပါတယ်။
single line comment ကို // ဆိုပြီး ရေးပါတယ်။
ဥပမာ let score = 50; ဆိုတာ variable ကြေညာတာပါလို့ပြောချင်ရင် comment ကိုသုံးပါတယ်။
//variable declaration
let score = 50;
ဆိုပြီး variable declare လုပ်ကြောင်းကို comment နဲ့ ဖော်ပြခြင်းဖြစ်ပါတယ်။
နောက်ပြီး let score = 50 ဆိုတဲ့ variable ကို running မလုပ်ခြင်တဲ့အခါ
//let score = 50; ဆိုပြီးတော့ comment ခံခဲ့လို့ရပါတယ်။
အဲ့ဒီလို ခံလိုက်ရင် let score = 50 ဆိုပြီး declare လုပ်ထားတဲ့ score variable က အလုပ်မလုပ်တော့ပါဘူး။
နောက်ပြီး comment ခံဖို့ running မလုပ်တဲ့ code တွေများလာတဲ့အခါ // single line comment မသုံးပဲ
/* */ multiline comment သုံးပါတယ်။
Example
/* const key = 12345;
key =123;
console.log(key); */
ဒီလိုလုပ်ခြင်းအားဖြင့် multiline comment အတွင်းထဲက code တွေအားလုံးအလုပ်မလုပ်တော့ပါဘူး။
ဒါကြောင့် comment ကို ကျနော် တို့ရေးလိုက်တဲ့ code က ဘာလုပ်တယ်ဆိုတဲ့သူ့ရဲ့ meaning ကိုဖော်ပြချင်တဲ့အခါ code ကို ခန အလုပ်ကရပ်နားချင်တဲ့အခါ သုံးပါတယ်။
No comments:
Post a Comment