Saturday, April 11, 2020

Function Declaration and Function Expression

 Function Declaration and Function Expression
Document

Function Declaration and Function Expression

function တွေကို အသုံးပြု ပုံနှစ် မျိုး ရှိပါတယ် ။ ပုံမှန်တိုင်း function keyword နောက် function name နဲ့ရေးပုံ အသုံးပြုပုံကို function declaration လို့ခေါ်ပါတယ်။
Example
function functionname(parameter){
//code 
};
    

function expression

function ကို variable တစ်ခုထဲမှာ store လုပ်တယ်။ ပြီးရင် အဲ့ဒီ function ကို အသုံးပြုချင်တဲ့အခါ အဲ့ဒီ variable ကိုပြန်ခေါ် လိုက်ပါတယ်။ အဲ့ဒီလို function အသုံးပြုပုံကို function expression လို့ခေါ် ပါတယ်။
      
Example
var fun1 = function(){
    alert(“Hello World”);
};
fun1();
//output “Hello World”;
    
ဒီလိုဆိုရင် alert box နဲ့ Hello World ဆိုပြီး ထွက်လာပါလိမ့်မယ် ။ function ဆိုတဲ့ keyword ကိုသုံးပေမဲ့သူနောက်မှာ function name မပါပါဘူး ။ functionလို့ပဲရေးပြီး သူ့ကို variable တစ်ခုထဲမှာ assign ချလိုက်ပါတယ်။ အဲ့ဒီ function ကို ပြန်ခေါ်ချင်တဲ့အခါ အသုံးပြုချင်တဲ့အခါ သူ့ကို ‌assign ချထားတဲ့ variable ကို parenthesies () နဲ့ ပြန်ပြီး call ခေါ်ရပါတယ်။ function name မပါဘဲ function ရေးပုံကို function expression လို့ခေါ်ပြီး anonymous function လို့လည်းခေါ်ပါတယ်။

No comments:

Post a Comment